ဤစာကို ဖတ်နေသော သင်သည် လူတစ်ယောက်ကို ရင်နင့်အောင် ချစ်ခဲ့ဖူးပါသလား
Batch File အလွယ်ရေးနည်း(1)
Bat File သင် ခန်းစာ (အခြေခံ )
Bat ဖိုင်စရေးတော့မယ်ဆိုရင် အခြေခံ သုံးခုကို သိထားရမှာဖြစ်ပါတယ်။
အဲ့ဒါတွေကတော့
1- echo
2- @echo off/on
3- pause စတာတွေဘဲဖြစ်ပါတယ် ..
1-Echo
Echo ဆိုတဲ့စာလုံးကိုတော့ ကျွန်တော်တို့ ပုံမှန် စာတွေ ထုတ်တဲ့နေရာမှာသုံးပါတယ် ..
Bat ဖိုင်စရေးတော့မယ်ဆိုရင် အခြေခံ သုံးခုကို သိထားရမှာဖြစ်ပါတယ်။
အဲ့ဒါတွေကတော့
1- echo
2- @echo off/on
3- pause စတာတွေဘဲဖြစ်ပါတယ် ..
1-Echo
Echo ဆိုတဲ့စာလုံးကိုတော့ ကျွန်တော်တို့ ပုံမှန် စာတွေ ထုတ်တဲ့နေရာမှာသုံးပါတယ် ..
ကွန်ပျူတာကို ကိုယ်ပိတ်ချင်တဲ့အချိန်ပိတ်မယ်

ကွန်ပျူတာကိုဆော့ဖ်ဝဲမသုံးပဲ ပိတ်ချင်ပါတယ်လို့မေးထားတဲ့အကိုအတွက်
ကျွန်တော်ဒီနည်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. ဆော့ဖ်ဝဲမသုံးပဲ
ကွန်ပျူတာကိုပိတ်ဖို့အတွက်ကျွန်တော်ကြိုးစားပီးကလိနေတုန်းပါ.. အခုထိ
တော့မတွေ့သေးဘူးဖြစ်နေပါတယ်ခင်ဗျာ.. ကျွန်တော်ပဲညံ့တာပဲနေမှာပါနော်.
တွေ့တဲ့အချိန်ကျွန်တော်တင်ပေးပါ့မယ်ဗျာ. အခုတော့အရိုးရှင်းဆုံးနဲ့အလွယ်
ကူဆုံးနည်းလေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာ..
ကျွန်တော်ဒီနည်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. ဆော့ဖ်ဝဲမသုံးပဲ
ကွန်ပျူတာကိုပိတ်ဖို့အတွက်ကျွန်တော်ကြိုးစားပီးကလိနေတုန်းပါ.. အခုထိ
တော့မတွေ့သေးဘူးဖြစ်နေပါတယ်ခင်ဗျာ.. ကျွန်တော်ပဲညံ့တာပဲနေမှာပါနော်.
တွေ့တဲ့အချိန်ကျွန်တော်တင်ပေးပါ့မယ်ဗျာ. အခုတော့အရိုးရှင်းဆုံးနဲ့အလွယ်
ကူဆုံးနည်းလေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာ..
Labels:
ဆော့ဝဲများ
မြန်မာနှစ်တစ်ရာပြက္ခဒိန် နောက်ဆုံးထွက်ဗားရှင်လေး (for android)
စက်ရုပ်ရဲ့ ပထမဆုံး နှစ် ၁၀၀ ပြက္ခဒိန်ပါ။ 1901-2016 အထိ။ သင့် ဖုန်းကို မူရင်းအတိုင်း ဘာမှ ပြုပြင်ရန် မလိုပါ။ အင်တာနက်နဲ့ ချိတ်ပြီး သုံးရန်မလို။ ရှေလနှင့် နောက်လကို slide လုပ်ပြီး ပြောင်းပါ။ စာလုံး အကြီးအသေးကို A နှင့် a နှိပ်ပြီး၊ လိုသလို ပြောင်းယူပါ။ နေရက်ရဲ့ အသေးစိတ်ကို သိလိုက အဲဒီနေပေါ်မှာ ဖိပေးပါ။ မြန်မာနိုင်ငံရဲ့ အစိုးရ ရုံးပိတ်ရက်တွေပါ ထည့်ထားတယ်။ မွေးနေ့များကိုလည်း ပြက္ခဒိန်ထဲမှာ မှတ်သားနိုင်သည်။
Labels:
ဆော့ဝဲများ
Easy Uninstaller Pro - Clean v2.2.2 Apk 1MB
Easy Uninstaller Pro အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
မိမိတို့ ဖုန်းပေါ်မှာ install လုပ်ထားတဲ့ ဆော့ဝဲလ်တွေကို လက်အညောင်းခံ၊ အချိန်အကုန်ခံပြီး တစ်ခုချင်းစီ ဖျက်ဖို့ မလိုအောင် ပြုလုပ်ပေမယ့် easy uninstaller pro ဆော့ဝဲလ်လေးဖြစ်ပါတယ် .. မိမိဖျက်ချင်တဲ့ ဆော့ဝဲလ်တွေ ကို select ပေးပြီး One click လုပ်ရုံနဲ့ ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ် …စက်ရုပ်ဖုန်းတွေအတွက် သွင်းထားတဲ့ ဆော့ဝဲလ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန် ပယ် ဖျက်ပေးနိုင်မယ့် tool တစ်ခုဆိုရင်လည်း မမှာပါဘူး….ဒါအပြင် ဆော့ဝဲလ်တစ်ခုရဲ့ name,version,update time,size စတာတွေလည်း ဖော်ပြပေးမှာဖြစ်ပါတယ
Labels:
ဆော့ဝဲများ
Android Tuner v0.10 For APK (8MB)
Android Tuner အသုံးပြုတဲ့ သူငယ်ချင်းအတွက် 3ရက်နေ့ Update
လေးတွေ့လို့တင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလေးက Android ဖုန်းတွေအတွက်
စွယ်စုံသုံးဆော့ဝဲတစ်ခုလို့တောင်ပြောလို့ရတယ်။ File Manager, App Backup, System
app unistall, task killer , Task Manager , CPU Control , Memory
Optimizer စတဲ့ဖုန်းကို ပေါ့ပါးနေအောင်ထိန်းသိမ်းပေးမယ့် Features
တွေအစုံအလင်ပါဝင်ပါတယ်။ Features
အသေးစိတ်ကိုအောက်ကလိပ်စာမှာကြည့်ရှုနိုင်ပြီး
Labels:
ဆော့ဝဲများ
ဘလော့ရေးမယ်ဆိုလျှင် (၁)
ကျွန်တော် ဒီခေါင်းစဉ်နဲ့ စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ ရေးသင့် မရေးသင့် အဓိကထား စဉ်းစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ထင်ရှားကြော်ကြားတဲ့ စာရေးဆရာ တစ်ယောက်၊ ဘလော့ဂါ တစ်ယောက် မဟုတ်လို့ပါပဲ။ ဘလော့ဂါ တစ်ယောက်အနေနဲ့ သက်တမ်းအားဖြင့် (၇)လကျော်ကျော်သာ ရှိပါသေးတယ်။ ကျွန်တော့ရှေ့မှာ ဦးဆောင်လမ်းပြပြီး ရေးသားတင်ပြကြတဲ့သူတွေ အများကြီးရှိပါတယ်။
C8813D,Y300C AUTO ROOT ပြီး ZAWGYI KEYBOARD တစ်ပါတည်း ထည့်ရအောင်
MMSD က ကိုဖြိုးချမ်း လက်စွမ်းပြထားတဲ့ Tool လေးပါ. အသုံးပြုရတာလည်း လွယ်အောင် လုပ်ပေးထားတာတွေ့ရပါတယ်..
ဒီ Tool လေးကတော့ C8813D နဲ့ Y300C တို့အတွက်သီးသန့်လုပ်ထားတဲ့ Root Tool လေးဖြစ်ပါတယ်….
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
မြန်မာ Font Developer နဲ့ Frozen Developer တွေကို Credit ပေးပါတယ်.
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ ဖုန်းကိုရွေးချယ်လိုက်ပါ။
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..
Computer connector များအကြောင်း
ကျွန်တော်တို့ဆိုဒ်မှာ
အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊
ဝင်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။
အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ
သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့
အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့
သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည်
ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ
အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ
အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့
မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။
သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ
မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း
မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
အထက်ကပုံမှာဆိုရင်
သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့ 
ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector
တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size
လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင်
သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက
desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို
ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ
mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို
့ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက
အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company
တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး
ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို
color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို
color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ
တပ်ဆင်နိုင်ပါတယ်..
PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB
port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး
နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer
နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet
port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ
RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet
ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone
line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ်
serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin
အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer
နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25
connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့ 
အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25
printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA
DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ
built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင်
VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line
in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင်
ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့
စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင်
connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ
microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ
case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row
15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector
ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို
အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible
ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..
Motherboard ပေါ်ရှိ Switch panel
Motherboard ပေါ်မှာ ရှိတဲ့  switch
panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk
မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက်
panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker
အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker
မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ
့ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED
ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ
့ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း
တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း
မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ
ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ
့manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)
RESET SW -
ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart
ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch
ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D
LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk
ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ
စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED
ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ
HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard
company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)-
ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့
connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply
အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED
- ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား
ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို
့သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန်
့မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker
- ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ
ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ
RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ
့switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ
motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့်
manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့
စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power
LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer
casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..
ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
flash song လုပ်နည်းစာအုပ် နှင့် ဖလက်ဆိုင်ရာ ဆောဝဲ
အကိုတယောက်မေးပို့ပြီးလှန်းတောင်းထားလို့တင်ပေးလိုက်ပါတယ်.....။အခြားအကိုများနှင့်
သူငယ်ချင်းများပါအဆင်ပြေနိုင်အောင်ရည်ရွယ်ပါတယ်......။ဆောဝဲ နဲ့
flashsong လုပ်နည်း လေး ကို ပါ တင်ထားပေးပါတယ်....။ SWiSH Max4.exe က
အဆင်သင့် ဒေါင်းပြီးသုံးလို့ရပါတယ် portable လေးကို တင်ပေးထားပါတယ်.....။
SWiSH Max4.exe (portable)
အောက်မှာက flashsong လုပ်နည်းစာအုပ်လေးပါ...။
ဖလက်song လုပ်နည်း စာအုပ် (ebook)
စာအုပ်ကို
rar နဲ့ ချုပ်ထားပါတယ် ဒေါင်းပြီးရင် Extract လုပ်လိုက်ပါ......။အထဲမှာ
PDF ဖိုင်စာအုပ်လေး ကိုတွေ့ရပါလိမ့်မယ်....။အားလုံးအဆင်ပြေပါစေ....။ref..သီချင်းများဥယျာဉ်
အဆင်ပြေကြပါစေ.....
ပန်းသီးကြွေခြင်း
လျှစ်စစ်ကျောက်သင်ပုန်း
(iPAD) ကိုစတင်မိတ်ဆက်ပေးခဲ့သူ Steve Jobs ကွယ်လွန်ပြီးနောက်
ကမ္ဘာနဲ့အ၀ှမ်းမှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ကြတဲ့ ပုံလေးတွေကို
မျှဝေခံစားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။ သူ့ကို အမေရိကန်နိုင်ငံ
ဆန်ဖရန်စစ္စကို မြို့မှာ ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၇၄
ခုနှစ် နွေရာသီမှာ သူဟာ အိန္ဒယနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး
ဗုဒ္ဓဟောကြားခဲ့သော တရားများကိုလေ့လာကာ ဗုဒ္ဓဘာသာအဖြစ်လည်း
ခံယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျောင်းနေဘက်သူငယ်ချင်း ဖြစ်သူ
Wozniak နှင့်အတူ Apple ကုမ္မဏီ ကိုစတည်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ
Apple ကုမ္မဏီရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ ကွန်လွန်ချိန်မှာတော့
သူရဲ့ပိုင်ဆိုင်မှာခန့်မှန်း (၈.၃)ဘီလီယံ နဲ့အတူ ဇနီးနှင့်
သားသမီးစုစုပေါင်း ၄ ယောက်တို့ကို ချန်ရစ်ထားခဲ့ပါတယ်။
သူကွယ်လွန်ခဲ့ပေမယ့်လည်း သူချန်ခဲ့တဲ့ ပန်းသီးလေးကို ကမ္ဘာနှင့်အ၀ှမ်း
အခုလိုအောက်မေ့ တမ်းတနေပုံလေးကို ဆက်လက်ခံစားကြည့်ကြနိုင်ရန်………
Hong Kong သတင်းဂျာနယ်ရဲ့ မျက်နှာဖုံးမှာလည်းဒီလို.
Tokyo မှာလည်း မငြိမ်းသောမီးလေးနဲ့ အတူ.....China မှာရှိတဲ့ ပန်းသီးဆိုင်ရှေ့မှာလည်း ပန်းတွေနဲ့ဝေ......
NEW YORK မှာရှိတဲ့ ပန်းသီးချစ်သူတွေ......
MALAYSIA မှာရှိတဲ့ ပန်းသီးကုမ္မဏီမှာလည်း အမှတ်တရ....
Barcelona မှာရှိတဲ့ အရောင်းဆိုင်ရှေ့မှာလည်း အမှတ်တရပုံယူနေ...
Spain မှာလည်း ပန်းသီးပီဇာ တွေနဲ့....
ရုံးချူပ်ရှိတဲ့နေရာမှာလည်း အလံတစ်ဝက်ချလို့...
လမ်းခွဲရတော့မယ် တို့နှစ်ယောက် ကိုယ်စီသိထားတယ်....
ဘယ်ဆိုဒ်ကမှန်းမမှတ်မိတော့တဲ့အတွက် မူရင်းဆရာကိုတောင်းပန်ပါတယ်
ကျေးဇူးကြီးလှတဲ့ ဖေဖေ
သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................
သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................
ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................
သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................
သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................
ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................
သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................
သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................
သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....
မိုးသောက်လုလင်(ရာဇာ)
သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................
သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................
ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................
သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................
သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................
ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................
သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................
သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................
သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....
မိုးသောက်လုလင်(ရာဇာ)
Mobile Guide Issue Vol-2 ၊ Issue-26 (28.10.13)
Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (26)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 28 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
Credit to ==> https://www.facebook.com/Mobile.Guide.Journal
Android မှာ ဒေါင်းချင်တာအားလုံးဒေါင်းနိုင်မယ့် FVD - Free Video Downloader 4.0.2 APK
အခုတင်ပေးလိုက်တဲ့
Android User တွေအတွက် Downloader ကတော့ အတော်လေးကိုကောင်းမွန်ပါ တယ်ဗျာ။
ဒီကောင်လေးရဲ့နာမည်ကတော့ Free Video Downloader ဆိုပေမယ့် Video
တွေတင်မကပါဘူး။ အခြားသော Zip , Rar , exe , PDF , Video , APK
အပြင်အခြားသော File တွေတော်တော်များများကိုဒေါင်း ယူနိုင်ပါတယ်။
ဒါ့အပြင်အရမ်းကောင်းတဲ့တစ်ချက်ကတော့ Resume Download ရပါတယ်ဗျာ။ ဒေါင်းလုပ်
Speed ကလည်းမြန်တယ်ဗျ။ Facebook , Twitter , Youtube
,နဲ့အခြားသောဆိုဒ်များမှ Video တွေကိုလည်း
လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်နော်။ Android OS 2.1
နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Requirements: 2.1 and up
** အဆင်ပြေပါစေဗျာ။
Hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်သည့် အချက်များ
အောက်ဖော်ပြပါ
အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့
လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေ ကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့
အပူချိန် သိပ်များတာ အစရှိတဲ့
အကြောင်း
အရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင်
ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့
ကွန်ပျူတာကို
အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါ တယ်။ Hard drive ကို ပန်ကာ ထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို
ကာကွယ်နိုင်သလို hard drive ပူလာတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။
အဆင်ပြေကြပါစေဗျာ
သိသလောက်တော့ မျှဝေပေးနေမှာပါ....................
ပုလဲမင်းသား(ပုလဲမြို့)
Subscribe to:
Posts (Atom)




























