Windows XP တွင် USB အပေါက်အလုပ်မလုပ်ခြင်း

ကျွန်တော်စက်မှာ USB ပေါက်တွေ အလုပ်မလုပ်တာကျွန်တော်အတော် ဒုက္ခရောက်သွားတယ်။ Flash Drive တွေ ထိုတာ ဘယ်အပေါက်မှ အလုပ်မလုပ်ဘူးဖြစ်နေတယ် ဒါနဲ့ ကြိုတွေများလွတ်သလားပေါ့ ဟိုလုပ်ဒီလုပ်ပေါ၊ ဒါပေးမဲ့ အဆင်မပြေပါဘူး။ ဒါက ကျွန်တော်ရဲ့ တုံးအမူလေးတွေပါ။ အမှန်က Drive manager မှာ ၀င်ကြည့်လိုက်ရင် အဖြေက ထွက်နေပြီ ချက်ချင်း ဘဲဗျာ USB တွေ Error တက်နေတာ သွားတွေ့ရတယ်။ ဒါနဲ့ Update လုပ်လိုက်တာ အကုန် အလုပ်လုပ် သွားတယ်။ ကျွန်တော်လို ဖြစ်စဉ်မျိုးကြုံခဲ့ရင် ကျွန်တော်လိုမျိုး မတုံရအောင် တင်ပြပေးလိုက်တာပါ။
အခုတင် ပြသွားမှာက USB အလုပ်မလုပ်တာကို update ပေးတဲ့အဆင့်ဖြစ်ပါတယ် ။ USB မှမဟုတ်ပါဘူး ကျန်တဲ့ drive ကိုလည်း update ပေးလို့ရပါတယ်ခင်ဗျာ ။

၁။ ပထမဦးစွာ mother board driver ခွေ (သို့မဟုတ်) Driver Genus လိုခွေမျိုး တစ်ခုခုကို စက်အတွင်းထည့်ပါ။

၂။ My computer ကို R-click ကိုထောက်ပါ။ ပြီးရင် manage ကိုသွားပါ။ အဲဒီမှ Device manager ကနေပြီးတော့ universal serial bus controllers ကို double- click နှိပ်ပါ။ အဲဒီမှ မိမိလိုချင်တာကို R-click ထောက်ပါ။ ပြီးရင် update driver ကိုနှိပ်ပါ ။ ပြီးရင် next ပေးသွားပါခင်ဗျာ.။ နောက်ဆုံး finish ပေးပါ။

No comments:

Post a Comment

ပြန်ဖတ်ချင်ရင်

Related Posts Plugin for WordPress, Blogger...